Quantcast
Channel: အမှတ်တရလေးများ
Viewing all articles
Browse latest Browse all 188

ဦးအောင်သိန်းထွန်း၏ မွေးနေ့အထိမ်းအမှတ် အလှူအဖြစ် ကိုထက်ကိုလင်း+မဟေမာအောင် မိသားစု ၏ အလှူ ၁၃.၂.၂၀၁၃

$
0
0
သာသနာတော်နှစ် ၂၅၅၆ ခုကောဇာသက္ကရာဇ် ၁၃၇၄ ခု တပိုတွဲလဆန်း (၃) ရက် ၊ ၁၃.၂.၂၀၁၃ ဗုဒ္ဓဟူးနေ့

အရုဏ်  မုန့်ဟင်းခါးဆွမ်းကပ်လှူခြင်း နှင့် နေ့ဆွမ်းလောင်းလှူခြင်း ကုသိုလ်ရှင်

ဦးအောင်သိန်းထွန်း၏  မွေးနေ့အထိမ်းအမှတ်  အလှူအဖြစ်

ကိုထက်ကိုလင်း + မဟေမာအောင်  မိသားစု ၏ အလှူ ကောင်းမှု


သံဃာတော်များ နေ့ဆွမ်းဘုန်းပေးနိုင်ရန်အတွက်
ဆွမ်း
ငါးကြော်
ကုလားပဲနှပ်
ပဲတီချဉ်သုပ်
ပါလချောင်ကြော် စသည့်ဟင်းလျာများဖြင့်လောင်းလှူပေးခဲ့ပါတယ်။
မေတ္တာရှင်ဖောင်ဒေးရှင် (စင်္ကာပူ) မှ မောင်နှမများ မှလည်း လှူဖွယ် ပစ္စည်းမျိုးစုံတို့ဖြင့် ကိုယ်တိုင်လာရောက်လောင်းလှူ ကုသိုလ်ယူခဲ့ကြပါတယ်။

ယနေ့ အရုဏ်ဆွမ်းနှင့် နေ့ဆွမ်းအလှူရှင် မိသားစု အားလုံးတို့နှင့်တကွ အလှူရှင် အားလုံးတို့သည် သံဃာတော်များကို အရုဏ်ဆွမ်းနှင့် နေ့ဆွမ်းများ ၊ လှူဖွယ်ပစ္စည်းများ ဆပ်ကပ်လောင်းလှူရသော ကုသိုလ်ကံကောင်းမှု စေတနာတို့ကြောင့် ယနေ့ မှ စ၍ ဆွမ်းအကျိုး ငါးပါးပြည့်စုံပြီး စိတ်ချမ်းသာ ကိုယ်ကျန်းမာစွာဖြင့် သာသနာအကျိုး၊ လောက ကောင်းကျိုးများ သယ်ပိုးဆောင်ရွက် နိုင်ကြပါစေလို့ ဆွမ်းလောင်းအသင်း အဖွဲ့မှ ဆုတောင်းပေးလိုက်ပါတယ်။































အလှူရှင်အားလုံးတို့နှင့်အတူ ကြည်ညို သဒ္ဓါပွားများ ကုသိုလ်ယူနိုင်ကြပါစေ။

Viewing all articles
Browse latest Browse all 188

Trending Articles